ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်(၄) ဆိုင်တို့အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ စျေးကွက်အတွင်း Coca-Cola Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ကို တုပ၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင်ပလတ်စတစ်ဘူးများ ဈေးကွက်အတွင်း ရောင်းချမှုများရှိလာပါသဖြင့် ဈေးကွက်အတွင်း၌ အဆိုပါအမှတ် တံဆိပ်နှင့်ပုံစံတူ Sprite အချိုရည်ဘူးများ ရောင်းချခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်းရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် မပါရှိသော အစိမ်းရောင် ပလတ်စတစ်ဘူးများ ဈေးကွက်အတွင်း ရောင်းချမှုများ မတွေ့ရှိရပဲ Coca-Cola Beverages Myanmar (CCPBM)ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ဘူးများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကုန်စုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(တနင်္သာရီ)