ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအား သွား‌ရောက်စစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၈၄)ပေပါအား ယာဉ်အမှတ် 8J/5197 (၂၄)ပေပါနှင့် 9J/6351  (၆၀)ပေပါ ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၁.၆.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)