
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည်ဖြင့်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၅၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ လိမ္မော်သီးကို ကြိုက်နှစ်သက်ကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)