ကန့်ဘလူမြို့နယ်၌ အဝင်နည်း၍ အရောင်းသွက်သည့် ဖရဲသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ဖရဲသီးများ ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ဒေသတွင်းမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ဖရဲသီးများအဝင်နည်း၍ အရောင်းသွက်နေကြောင်း၊ သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဖရဲသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖရဲသီးအလုံးကြီး(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)