ကန့်ဘလူမြို့ဒေသထွက် ရာသီစာ အသီးအရွက်များ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဥသျှစ်ပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ ဥသျှစ်ပင်သည် အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါးလူတို့ အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် ဥသျှစ် ရွက်နုများကို ကန့်ဘလူမြို့မဈေးတွင်လာရောက် ရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဥသျှစ်ရွက်နု(၁)ပုံလျှင်(၃၀၀)ကျပ်၊ ဥသျှစ်ရွက် နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာတစ်ခုဖြစ်သည့် ဥသျှစ်ရွက်နုအား  အိမ်ရှင်မ များဟင်းချက်ရာတွင်လည်းကောင်း၊ ကင်ပလင်းရွက်(၁)ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် (၂)ပုံ လျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်(၄)ပုံလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကင်ပလင်းရွက်များ ကိုအိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ ဝယ်ယူကြသဖြင့် ကင်ပလင်းရွက် များအရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဒုတိယပတ်အတွင်း စပါးလင်(၁၁)ပင်လျှင် (၁၀၀၀)ကျပ်၊ စပါးလင် (၅)ပင်လျှင် (၅၀၀) ကျပ်၊ စပါးလင်(၁)ပင်လျှင်(၁၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)