သရက်မြို့၌ Sprite အမှတ်တံဆိပ်အချိုရည်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Coca-Cola Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ကို တုပ၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင်ပလတ်စတစ်ဘူးများ ဈေးကွက်အတွင်း ရောင်းချ မှုများရှိလာပါသဖြင့် ဈေးကွက်အတွင်း၌ အဆိုပါအမှတ်တံဆိပ်နှင့် ပုံစံတူ Sprite အချို ရည်ဘူးများ ရောင်းချခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိတို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၅.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်တွင် မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ရွှေဘုံသာရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် မပါရှိသော အစိမ်းရောင် ပလတ်စတစ်ဘူးများ ဈေးကွက်အတွင်း ရောင်းချမှုများ မတွေ့ရှိရပဲ Coca-Cola Beverages Myanmar (CCPBM)ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ဘူးများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကုန်စုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)