
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ ငါး ဈေးနှုန်းကဲ့သို့ မြင့်တက်လျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသားဈေးနှုန်းများအနေဖြင့် ဖားအိုင်းသား လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားအိုင်းသား လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ ဖားအိုင်းသား(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် ဖားအိုင်းသား(၂၅) ကျပ်သား လျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)