
စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ ခါမင်းဝဲတောင်ကျောင်းတိုက်၌ ၂၀၂၅ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက် (၁၀း၀၀) အချိန်တွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး ဆောင်ရွက်မည့်စီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မစဖအဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စစ်ကိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အဖွင့်အမှာစကား ပြောကြား၍ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံစက်ချုပ်နည်းပညာသင်တန်းသူ (၁၅)ဦးကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)