
စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ မေလအတွင်း စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို မကွေးမြို့နယ် (၅)ကြိမ်၊ နတ်မောက်မြို့နယ် (၂)ကြိမ်၊ တောင်တွင်းကြီးမြို့ နယ် (၆)ကြိမ်၊ မြို့သစ်မြို့နယ် (၃)ကြိမ်၊ ချောက်မြို့နယ် (၅)ကြိမ်၊ ရေနံချောင်းမြို့ နယ် (၅)ကြိမ်၊ စုစုပေါင်း (၂၆)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)