
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၈၅၀၀)၊ ကုလားပဲ ဟော်လန်(၁)တင်းလျှင် ကျပ်(၈၂၀၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်း လျှင် ကျပ်(၁၀၄၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ် (၇၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၈၆၄၀၀)၊ စားတော်ပဲ(၁) တင်းလျှင် ကျပ်(၁၇၅၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၉၄၀၀)၊ မြေပဲလုံးဆံ(ဖြူ)(၁) ပိဿာလျှင် ကျပ်(၉၈၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မြေပဲလုံး ဆံ(ဖြူ) ကျပ်(၂၀၀) ဈေးမြင့်တက်ခဲ့ပြီး ကုလားပဲ(929) ကျပ်(၂၅၀၀)ဈေးလျော့ခဲ့ပါသည်။ တင်ပို့မှုအနေဖြင့် မကွေးမြို့မှ မန္တလေးမြို့သို့ တစ်ပတ်အတွင်း ပဲကြီးအိတ်ရေ(၅၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၁၀၀၀)၊ ပဲစဉ်းငုံအိတ်ရေ (၅၀၀)၊ မတ်ပဲ အိတ်ရေ(၁၀၀၀)ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)