ချောင်းကြီးကျေးရွာပြည်သူများအား စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၅.၆.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ကျေးရွာနေပြည်သူများ  အစားအသောက်များရွေးချယ်ဝယ်ယူ စားသုံးရာတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ဝယ်ယူ စားသုံးသင့်ပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စားသုံးသူ၏ အခွင့်အ‌ရေးများဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊ ကုန်စည်သို့ မဟုတ်ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြု ခြင်းကြောင့်ဖြစ် ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေး နေမှုအခြေအနေ၊ တိုင်ကြားပုံနည်းလမ်းများ၊ Callcenter 1535 ဆက်သွယ်ရသည့်နည်းလမ်းများအား အကျယ်တဝင့်ရှင်း လင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ပြည်သူ (၂၁)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)