မြိတ်မြို့သို့ ရောက်ရှိလာသော ဆန်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၅.၆. ၂၀၂၅) ရက်‌နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ‌မော်လမြိုင်ကျွန်းမြို့နယ်မှ ဝယ်ယူ၍  MV ရတနာခိုင်ထွန်း (၈) ရေယာဉ်ဖြင့် ဆန်တန်(၃၀၀)၊ အိတ်ရေ (၆၀၀၀)နှင့် MV-958 ရေယာဉ်ဖြင့် ဆန်တန်(၃၇၅)၊ အိတ်ရေ (၇၅၀၀)သည် (၉.၆.၂၀၂၅) တွင် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ပါသည်။

   ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)