မုဒုံမြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များ ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၆.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များ ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များ ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprite အချိုရည်များ ရောင်းချခြင်း မတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော Sprite အချိုရည်များသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)