
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့် ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန် လျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့၏ ယခုလ ဇွန်လ ပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများမှာ 92 Octance ဓါတ်ဆီ (၂၉၅၅ )ကျပ်၊ 95 Octance ဓါတ်ဆီ (၃၀၀၅ ) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၄၉၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၀၆၅) ကျပ်ဖြစ်ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်လ မေလပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများမှာ 92 Octance ဓါတ်ဆီ (၂၉၉၅)ကျပ်၊ 95 Octance ဓါတ်ဆီ ( ၃၀၅၅) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၅၈၅) ကျပ်၊ အဆင့်မြင့်ဒီဇယ် ( ၃၁၆၅) ကျပ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ယခင်လဖြစ်သော ဇွန်လပထမပတ်ထက် 92တစ်လီတာလျှင် (၅၀)ကျပ်၊ 95တစ်လီတာလျှင်(၅၀)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်(၉၅)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာလျှင်(၁၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ယခင်အပတ်ဖြစ်သော မေလ နောက်ဆုံးပတ်ထက် 92တစ်လီတာလျှင်(၁၅)ကျပ်၊ 95တစ်လီတာလျှင်(၂၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)