မိတ္ထီလာဘိလပ်မြေဈေးကွက်

Powered by Drupal

     မိတ္ထီလာဈေးကွက်တွင် ဇွန်လပထမပတ်၌ ဘိလပ်မြေဈေးငြိမ်နေသော်လည်း ပစ္စည်းလက်ကျန် နည်းကြောင်း သိရသည်။ဇွန်လပထမပတ် မိတ္ထီလာမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်သော ဘိလပ်မြေ အမျိုးအစားများမှာ အပါချီဘိလပ်မြေတံဆိပ်ကို အနည်းငယ်တွေ့ရပြီး ကြံ့နှစ်ကောင်၊ ရှမ်းရိုးမ ဘိလပ်မြေ တံဆိပ်များမှာ လက်ကျန်နည်းသည်ကို တွေ့ရသည်။အရောင်းအဝယ်ဖြစ်သော အပါချီတစ်အိတ်လျှင် (၂၁၅၀၀-၂၂၀၀၀)ကျပ်၊ ကြံ့နှစ်ကောင် တစ်အိတ်လျှင်(၂၁၅၀၀)ကျပ်နှင့် နဂါးစိမ်း တစ်အိတ်လျှင် (၂၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

  မိုးတွင်းကာလဖြစ်၍ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်မှာ ယခင်ကအရောင်းအဝယ်အေးလေ့ ရှိသော်လည်း ယခုနှစ်အရောင်းအဝယ်သွက်ကြောင်း သိရသည်။ဘိလပ်မြေအမျိုးအစားများတွင် ယခင်က  အပါချီနှင့်ကြံ့နှစ်ကောင်သာ ဝယ်လိုအားများခဲ့သော်လည်း ယခုအခါ နဂါးစိမ်း၊ ရှမ်းမတံဆိပ်များကို လည်း ဈေးကွက်တွင် တွေ့လာရသည်။

DOCA(မန္တလေး)