ကျိုက်ထိုမြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprit အမှတ်တံဆိပ် အချိုရည်ဗူးများရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprit အမှတ်တံဆိပ် အချိုရည်ဗူးများရောင်းချခြင်း ရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ‌(၅.၆.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ရှမ်းစျေး၌ ဆောင်ရွက်ခဲ့သည်။                     

   အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်ဦးနှင့်တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprit အမှတ်တံဆိပ် အချိုရည်ဗူးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprit အချိုရည်ဗူးများ ရောင်းချခြင်း မတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော Sprit အချိုရည်ဗူးများသာ ရောင်းချနေကြောင်း သိရပါသည်။

DOCA (မွန်)