မိတ္ထီလာ(တောင်ကန်)ကန်ဘောင်ဖွင့်ပွဲကျင်းပ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့အတွင်းရှိ မိတ္ထီလာကန်ဘောင်(တောင်ကန်) ရန်ကုန်-မန္တလေးကားလမ်းမှာ မတ်လ(၂၈)ရက်နေ့ကလှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရာ အဆိုပါလမ်းအား မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆည်မြောင်းနှင့်ရေလှောင်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ လမ်းဦးစီးဌာနနှင့် ယုဇနကုမ္ပဏီတို့ပူးပေါင်း၍ စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ (၂)လခန့် ကြာမြှင့်ကြောင်း သိရှိရပါသည်။

    သို့ဖြစ်ပါ၍ အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများတက်ရောက်၍ ဇွန်လ (၃)ရက်နေ့ ၊ နံနက်(၉)နာရီခွဲအချိန်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)