Online ဖြင့် အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) နှင့် ဝန်ထမ်းများသည် (၂.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (Like Myanmar CCTV& Electronic Store) အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အိမ်အမှတ် (၆၀)၊ (က) ရပ်ကွက် ၊အင်ကြင်းလမ်း၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသိုဆွေးနွေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် အွန်လိုင်းဖြင့် ရောင်းချနေသည့် လူသုံးကုန်ပစ္စည်း(အီလက်ထရောနစ်ပစ္စည်း)များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ ထားသိုသိမ်းဆည်း မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ မည်သည့်ကုန်စည်မဆို ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမှာဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြ ထားခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေး ယူခံရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)