ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာသော နှင်းပန်းဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

    ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ နှင်းပန်းသည် ဘူရားပန်းကပ်လှူရန်အတွက်သာ အသုံးပြုကြပြီး  နှင်းပန်း၏ ရနံ့သည်မွှေးကြိုင်နေသော အဆင်းအနံ့ရှိသည့်အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ နှင်းပန်းများကို ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူ ရောင်းချရ ပါကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

     နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ (၅)ခက်လျှင် တစ်စီး စီး၍ တစ်စီးလျှင်(၇၀၀)ကျပ် ၊ အစီး(၁၀၀)ပါ တစ်ထုံးလျှင်(၇၀၀၀၀)ကျပ် တို့ဖြင့် ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)