ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ဇရစ်ရိုးပင် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း  မြစ်ချောင်းအင်းအိုင်များ စိမ့်စမ်းကောင်းသော နေရာများနှင့် စိုစွတ်သောနေရာများတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင်သည် ယခုလိုမိုးဦးကျကာလတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး ဇရစ်ရိုးသည် အရိုးတွင်သာမက အရွက်ရောပါစားရပြီး ဆူးပါသောအပင်တစ်မျိုးဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဇရစ်ရိုးပင်ဈေးနှုန်းအနေဖြင့် ဇရစ်ရိုးပင်(၅/၆)ပင်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ ဇရစ်ရိုး(၁၀)စည်း တစ်ထုံးလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

 DOCA(စစ်ကိုင်း)