ပေါ်ဦးပေါ်ဖျားငါးရံ့ပတူရွက်

Powered by Drupal

             ငါးရံ့ပတူရွက်သည် မိုးဦးကျရာသီတွင် လှိုင်လှိုင်ပေါ်သော နေရာအနှံအပြားတွင် အလေ့ကျပေါက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ ရှည်မြောမြောလေးများရှိသော အပင်ဖြစ်ပါသည်။ အရွက်ကိုစားလို့ရသလို အမြစ်နှင့်ပင်စည်ကလည်း ဆေးဖက်ဝင်ပါသည်။ အရွက်ကို ရေနွေးဖျောပြီး တို့စားလို့ရသလို သုပ်စားလို့လည်းကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။ ဓာတ်တိုးဆန့်ကျင် အာနိသင်များစွာကြွယ်ဝသောကြောင့် တစ်ရူးနှင့်ဆဲလ်များမပျက်စီးအောင် ကာကွယ်ပေးခြင်း၊ နာတာရှည်ရောဂါသက်သာစေခြင်း၊ ကင်ဆာမဖြစ်စေရန်နှင့် သက်သာစေရန်အတွက် ငါးရံ့ပတူရွက်ကို စားသုံးသင့်ပါကြောင်း၊ ငါးရံ့ပတူရွက်သည် ခန္ဓာကိုယ်ကို အကျိုးပြုသည့် ဘက်တီးရီးယားကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများကို တိုက်ထုတ်ပေးနိုင် စွမ်းလည်း ရှိပါကြောင်း၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ရန်အတွက်လည်း ငါးရံ့ပတူရွက်ကို စားသုံးသင့်ပါကြောင်း သိရှိရပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဆီးဝမ်း၊ လေမှန်သော ငါးရံ့ပတူရွက်ကို မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ဈေးနှုန်းများမှာ (၁၀)ကျပ်သာလျှင် (၃၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)