
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀) ကျပ် ၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပြီး ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်းအနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ခရမ်းသီး တစ်ပိသာ လျှင်(၁၂၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)