ကန့်ဘလူမြို့မဈေးတွင် ရာသီစာငှက်စွပ်မှိုများ ရောင်းချလျက်ရှိ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော ကုန်စည်များနည်းတူ သဘာဝငှက်စွပ်မှိုများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ငှက်စွပ်မှို တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်မှ၄၀၀၀၀ကျပ်အထိ ဈေးကောင်း ရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် မိုးဦးကာလတွင် သဘာဝအရ ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက် နေပြည်သူများ အရင်းမစိုက်ရပဲ မိသားစု ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)