ကန့်ဘလူမြို့နယ်၌ ရာသီစာ ဒေါင်ဖြူမှိုနှင့်ဒေါင်းဝါမှိုများ စတင်ရောင်းချ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မြေလွတ်မြေရိုင်းများ၊ သစ်တောများ များစွာ တည်ရှိပြီး၊ ရာသီအလိုက်ပေါက်ရောက်သည့် မျှစ်၊ မှိုနှင့်အခြားသော အသီးအရွက်များကို ခူးဆွတ် ရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစုအပိုဝင်ငွေရရှိကြောင်း ရာသီပေါ်ဟင်းသီးဟင်းရွက် များကို ခူးဆွတ်ရောင်းချသည့် ဦးဝင်းကျော်ထံမှ သိရသည်။

          မိုးဖြိုင်ဖြိုင်ရွာသွန်းသည့် ဇူလိုင်၊ ဩဂုတ်လ၊ စက်တင်ဘာလများတွင် သဘာဝမှိုများဖြစ်သည့် ချပ်မှို၊ ငှက်စွတ်မှို၊ တောင်ဘို့မှို၊ ဒေါင်းဖြူမှို၊ ဒေါင်းဝါမှိုနှင့် အခြားမှိုများပေါက်ကြောင်း၊ ဒေါင်းဖြူမှို နှင့်ဒေါင်းဝါမှိုတို့သည် စိမ့်စမ်းကောင်းပြီး သဲဆန်သောမြေအမျိုးအစားတွင် ပေါများစွာပေါက်လေ့ ရှိကြောင်း၊ နံနက်စောစောထပြီး တောသို့သွားကာ မှိုများကောက်ယူရကြောင်း၊ တစ်ရက်လျှင် ဒေါင်းဖြူမှိုနှင့် ဒေါင်းဝါမှို (၃)ပိဿာမှ(၅)ပိဿာထိရရှိကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ဒေါင်းဖြူမှို (၂၅)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင်ငွေကျပ်(၂၇၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ရာသီပေါ်သဘာဝမှိုကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်၍ အဆင်ပြေလျက်ရှိ ကြောင်းသိရသည်။

Doca(စစ်ကိုင်း)