ဇလွန်မြို့၏ မြနှင်းပုလဲ စိုက်ပျိုး‌ရောင်းဝယ်မှု

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြနှင်းပုလဲပန်းကို ရာသီချိန်ဘုရား ပန်းအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒေသတွင်းတောင်သူများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိပြီး ဇလွန်မြို့ စက်ကြီးအရှေ့ မြို့ပါတ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ပန်းစိုက်ပျိုးသူ ဦးလပြည့် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မြနှင်းပုလဲပန်းကို စိုက်ပျိုးရာတွင် ပန်းမျိုးကို ပြင်ဦးလွင် ဒေသမှ မျိုးတစ်ပင်လျှင် ၂၅/-ကျပ်ဖြင့် ဒေသအရောက် ဝယ်ယူစိုက်ပျိုးကြောင်း သိရှိရပါသည်။ ထိုပန်းစိုက်ပျိုးရာတွင် ပျိုးပင်များကို ၁၅ ရက်ကြာ ပြန်လည်ပြုစုရပြီး၊ အပင်သန်ကြီးထွားမှုပေါ်  မူတည်၍ တစ်ပင်နှင့်တစ်ပင်ကြား (၆ လက်မ) ခြားကာ စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲ ခန့်အကြာတွင် အညွှန့်များဖြတ်ပြီးနောက် မီးအလင်းရောင် (၁)လ ထွန်းကာ ပန်းပင်များ ကြီးထွားစေရေး၊ အပွင့်လှပရေးနှင့် ပိုးမွှားများကျရောက်မှုမရှိစေရေး ပြုစုထိန်းသိမ်းရပါသည်။  ကုန်ကျစရိတ် အနေဖြင့် ဒဿမ ၂၅ ဧကလျှင် ၁၆ သိန်း  ကျပ် ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီး အပင်သက်တမ်း(၄)လအကြာတွင် အပွင့်များပွင့်ကာ  တစ်စီးလျှင် ၁၅၀၀/- ကျပ်ဖြင့် ရောင်းချရပြီး ပထမအကြိမ် ခူးဆွတ်ချိန်၌ပင် ပန်း ၁၀ ခိုင်ပါ အစီးရေ ၃၀၀၀ ထွက်ရှိကြောင်းသိရသည်။  ဒေသတွင်းနှင့် အခြားမြို့နယ်များ၊ ရန်ကုန်မြို့မှ ခြံတိုက်ရိုက် လက္ကားဝယ်ယူကြောင်း၊ ယခုအခါ ပန်းပွင့်သောကာလဖြစ်သည့်အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပြီး  ဈေးကွက်ရောင်းချမှုအနေဖြင့် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးသူထံမှသိရှိရပါသည်။    

DOCA (ဧရာဝတီ)