
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
Doca(စစ်ကိုင်း)