မြင်းခြံမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မေလနောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ( ၂၅၁၅)ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီ တာလျှင်(၃၀၈၅) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၂၉၇၀  )ကျပ် ၊ ဓာတ်ဆီ (95) တစ်လီတာ လျှင် (၃၀၂၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခင် မေလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၅၅)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၃၁၃၀) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် (၂၉၈၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၄၀)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်မေလ တတိယပတ်နှင့်နှိုင်းယှဉ်လျှင် ယခုမေလ နောက်ဆုံးပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၄၀) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် (၁၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၅)ကျပ်၊  ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၄၀)ကျပ်၊ ဒီဇယ်(ပရီမီယံ) တစ်လီတာလျှင် (၄၅)ကျပ် စသည်ဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

DOCA(မန္တလေး)