ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ငှက်ပျောသီး

Powered by Drupal

ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိပြီး မိမိတို့ ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်း ငှက်ပျော (ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံး စိုက်ပျိုး လျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) တစ်ဖီးလျှင်(၃၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)