ဘားအံမြို့တွင်ရောင်းချနေသော ပုဇွန်ခြောက် ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ခုနှစ်၊ ဇွန်လတွင် ဘားအံမြို့ရေပေါ်ဈေးတွင် ပုဇွန်ခြောက်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

     ဘားအံမြို့ရှိ ပုဇွန်ခြောက်ဈေးနှုန်းမှာ  ယခင်လပုဇွန်ခြောက် အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၁၂၀၀၀၀)ကျပ်၊ အလတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀၀ / ၅၀၀၀၀)ကျပ်၊ အနိမ့်ဆုံး ဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၁၅၀၀၀/၂၀၀၀၀)ကျပ်တို့ဖြစ်ပြီး၊ ယခုလ ပုဇွန်ခြောက် ဈေးနှုန်းမှာ အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၄၀၀၀၀)ကျပ်၊ အလတ်စားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ အသေးစားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀၀/၅၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခင်လပုဇွန်ခြောက်ဈေးနှုန်းနှင့် ယခုလပုဇွန်ခြောက် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ယခုလပုဇွန်ခြောက်ဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ပုဇွန်ခြောက် ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ ကုန်စည်များသိုလှောင်စရိတ် မြင့်တတ်လာခြင်း နှင့် မိုးတွင်းကာလသယ်ယူစရိတ်များသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း ရေပေါ်ဈေးတွင် ရောင်းချနေသော ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေး အရောင်းဆိုင်မှ သတင်းရရှိပါသည်။

DOCA(ကရင်)