ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များကို ချို/ချဉ်သိပ်၍ သိုလှောင်ထားကြပြီး  ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ မျှစ်ချဉ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)