၅.၆.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprite အချိုရည်ဘူးများ ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော Sprite အချိုရည်ဘူးများသာ ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA (မွန်)