
၃.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ် Sim Card စစ်ဆေးရေးအဖွဲ့ဝင်ဌာန များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ Sim Card အရောင်းဆိုင်များနှင့် ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်များတွင် ရောင်းချနေသော Sim Card များမှာ မှတ်ပုံတင်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး တရားမဝင် Sim Card ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)