
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ၅.၆.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ ကိုကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprite အချိုရည်ဘူးများ ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော Sprite အချိုရည်ဘူးများသာ ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA (မွန်)