
၄.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်က PT power၊ Puma power၊ ထက်စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီစျေးနှုန်း မြင့်မားမှုမရှိစေရေး၊ ရည်ညွှန်းပါစျေးနှုန်းအတိုင်းရောင်းချစေရေး၊ စက်သုံးဆီများ တရားမဝင် နေရာများသို့ မရောက်ရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေးနှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ၄.၆.၂၀၂၅ ရက်နေ့ ကျိုက်ထိုမြို့နယ်၏ စက်သုံးဆီစျေးနှုန်းမှာ 92- 2935 ကျပ်၊ 95-2995 ကျပ်၊ Premium Diesel-3050 ကျပ်၊ Diesel-2485 ကျပ် ဖြစ်ကြောင်း သိရပါသည်။
DOCA (မွန်)