မုဒုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၅.၆.၂၀၂၅ ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် မြို့မ(၄) ရပ်ကွက်ရှိ ကန်ကြီးသုဿာန်ဝင်း မြေနေရာ၌ ကျင်းပခဲ့သည်။

     ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇောအောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်သည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပြည်သူများ အင်အား ၁၅၀ ခန့်က မန်ဂျန်ရှားပင် ၄၀၀၊ အော်ရီးရှားပင် ၄၀၀၊ မဟော်ဂနီ ပင် ၁၀၀၊ သင်္ကန်း ၅၀၊ ပျဥ်းမ ၅၀ တို့ကို သတ်မှတ်နေရာ အသီးသီးတွင် တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

     မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ်တွင် ပျိုးပင်ပေါင်း (၃၅၀၀၀)ကို စိုက်ပျိုးထားရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ များ၊ လူမှုအဖွဲ့အစည်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)