
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း ၊ သခွတ်ပွင့် ခြောက်သည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း “မြို့မဈေး”တွင်ရောင်းချနေသည့် သခွတ်ပွင့်ခြောက် ဈေးနှုန်းများမှာ (၁)ပုံလျှင်(၁၀၀၀)ကျပ်၊ (၂)ပုံလျှင်(၁၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သခွတ်ပွင့်အစိုများကို နေပူပူတွင် အခြောက်လှမ်းရကြောင်း၊ သခွတ်ပွင့်သည် ဆေးဘက်ဝင်သည့်အတွက် ပေါ်ချိန်တွင် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)