ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး) နှင့်ဝန်ထမ်းများသည် (၃.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ် ၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင် (ဆန်ရောင်းဝယ် ရေးအရောင်းဆိုင်)အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် (ရွှေဘိုပေါ်ဆန်း)၊ ရွှေဘို(လတ်)  ၊ ကျားပျံ(ရှယ်) ၊ ကျားပျံ(လတ်) ၊ ဧရာပေါ်ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ ဧရာပဒေသာ ၊ ဧရာပဒေသာ (ထိပ်စ) စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် ၊သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)