ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် MRFသို့ ပေါ်ဆန်း ဆန်ရောင်းချရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် မေလ ၂၈ ရက်နေ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF သို့ လစဉ်ပေါ်ဆန်းဆန်အိတ်ရေ (၁၅၀၀၀)ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးဝင်းထွန်း၊ ဒုတိုင်း ဦးစီးမှူးဦးထွန်းထွန်းနှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများ ဧရာဝတီကုန်သည် စက်မှုလက်မှုအသင်း အတွင်းရေးမှူး ဦးမောင်မောင်ဦး ၊တိုင်းဆန်စက်အသင်းဥက္ကဌ ဦးစိုးဝင်း၊ ဆန်ကုန်သည်များ အသင်း ဥက္ကဌဦးအောင်ကျော်စိုး၊ ပုသိမ်ခရိုင်မှဆန်စက်ပိုင်ရှင်နှင့်ဆန်ကုန်သည်များ၊ဖျာပုံခရိုင်မှ ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်များ၊ မြောင်းမြ ခရိုင်မှ ဆန်စက်ပိုင်ရှင်နှင့်ဆန်ကုန်သည်များ တက်ရောက်ခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးမှ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပေါ်ဆန်းဆန်များ စီးဝင်/စီးထွက်မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် လစဉ်မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ပေါ်ဆန်းဆန်အိတ် ရေ ၁၅၀၀၀ ရောင်းချရေး ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ခရိုင်၊မြို့နယ်အလိုက် ပေါ်ဆန်းဆန်များရောင်းချရေး တူညီမှုရှိစေရေး မိမိတို့မြို့နယ်အလိုက် ပေါ်ဆန်းဆန်စိုက်ပျိုးမှု ဧကအထွက်နှုန်းများ ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး ပုသိမ်၊ကျုံပျော်၊ဟင်္သာတ၊မအူပင်၊ဖျာပုံ၊လပွတ္တာမြို့နယ်များ ဆန်စက်ပိုင်ရှင်ဆန်ကုန်သည်များမှ MRF သို့ လစဉ်ရောင်းချရေး ဆန်စက်ပိုင်ရှင်အိမ်အရေအတွက်တို့ကို ဝိုင်းဝန်းဆွေးနွေးပြီး တိုင်းအတွင်း ခရိုင်၊မြို့နယ်များမှ ဆန်စက်ပိုင်ရှင်၊ဆန်ကုန်သည် ၃၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)