ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                        ၃၀.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန် အလုံမြို့နယ်၊ အလုံဈေးနှင့် သိပ္ပံလမ်းရှိ  ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချမှုရှိ/မရှိ လစဉ် လချုပ်စာရင်းများတင်ပြမှုရှိ/မရှိတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးသီဟစိုးနှင့်အဖွဲ့၊  အလုံမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ယိုဆီယ၊ အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းဇော်နှင့်အဖွဲ့၊ အလုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန မှ ဦးဝင်းဆင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်တင်တင်ရီ နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)