
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စိန်တစ်လုံးသရက်သီးကို မင်းဘူးမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်ကျေးရွာရှိ သရက်ခြံများမှ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှစတင်၍ ထွက်ပေါ် လျက်ရှိရာ မေလ(စတုတ္ထပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး မြို့မဈေးအတွင်းသို့ ဝင်ရောက်မှုများလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်နေသော စိန်တစ်လုံးသရက်သီးဈေးနှုန်းများမှာ (အလုံးကြီး)(၁)လုံးလျှင် ကျပ်(၅၀၀)၊ အလုံးလတ် (၁)လုံးလျှင် ကျပ်(၄၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၃၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်သရက်သီးပေါ်စအချိန် ဧပြီလ(စတုတ္ထပတ်)တွင် (အလုံးကြီး)(၁)လုံးလျှင် ကျပ်(၁၂၀၀)၊ အလုံးလတ်(၁)လုံးလျှင် ကျပ်(၁၀၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၈၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အလုံးကြီး(၁)လုံးလျှင် ကျပ်(၇၀၀)၊ အလုံးလတ်(၁)လုံးလျှင် ကျပ်(၆၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၅၀၀) ဈေးနှုန်း ကျဆင်းသွားကြောင်း သိရသည်။ ယခုအချိန်တွင် မကွေး၊ မင်းဘူးမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာတို့မှ စိန်တစ်လုံးသရက်သီးအထွက်နှုန်းများလာသောကြောင့် ဈေးနှုန်းများမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)