
လိမ္မော်ပင်သည် အမြဲစိမ်းသော အပင်အမျိုးအစားဖြစ်သည်။ လိမ္မော်သီးတွင် အခွံမှာ အနီရောင် ၊လိမ္မော်ရောင်နှင့် လိမ္မော်ရောင်ရင့်ရင့် အရောင်များကို ပိုင်ဆိုင်ထားပြီး အမျိုးအစားအ နေဖြင့် ပျားလိမ္မော်၊ ဖျော်ရည်သီး၊ အကြီးမျိုး(လိမ္မော်သီး)၊အသေးမျိုး(လိမ္မော်သီး) များရှိပါသည်။ မြန်မာနိုင်ငံတွင်းလူကြိုက်များသောအသီးမှာ ချိုဓာတ်ပါဝင်မှု များပြားသည့်ပျားလိမ္မော်သီးများ ဖြစ်သည်။ လက်ရှိမန္တလေးမြို့တွင်းရောင်းချနေသော အသီးများမှာရှမ်းပြည်နယ်၊တောင်ကြီး၊ ပြင်ဦးလွင်၊နောင်ချို ဘက်တို့မှ အဓိကဝင်ရောက်နေသော အသီးများဖြစ်ပါသည်။ လိမ္မော်သီးများ ကို အချိုပွဲအနေဖြင့်စားသုံးခြင်း၊ တည်ခင်းဧည့်ခံခြင်း၊သဘာဝအအေးဖျော်ရည်များတွင်အသုံးပြု ခြင်းတို့အပြင် မုန့်များပြုလုပ်ရာတွင်လည်း ထည့်သွင်းစားသုံးလေ့ရှိကြပါသည်။လက်ရှိမန္တလေး ဈေးကွက်အတွင်း လိမ္မော်သီးဈေးနှုန်းမှာ အလုံးကြီးလျှင် တစ်လုံး(၁၅၀၀/-မှ၂၀၀၀/-)ကြား၊ အလုံးအလတ်လျှင်တစ်လုံး(၅၀၀/-)ကျပ် ၊အလုံးသေး အစိတ်သားလျှင် (၄၀၀၀/-) ဖြင့်ဈေးနှုန်း ကောင်းလျက်ရှိပါသည်။မန္တလေးမြို့ဈေးကွက်အတွင်း လိမ္မော်သီးများကို ပွဲရုံများ ၊ သစ်သီးဆိုင် များတွင်သာမက လမ်းဘေးလက်တွန်းလှည်းသည်များထံမှလည်း အလွယ်တကူ ဝယ်ယူရရှိနိုင် ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)