
ပဲယင်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုး အစားဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက် ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲယဉ်း များဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ် မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(ကြီး/လတ်) ၂၃၅၀၀၀ ကျပ်နှင့် ၂၃၇၀၀၀ ကျပ်၊ ပဲယင်း(သေး) ၂၁၀၀၀၀ ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ ပဲယင်း(နီ) ၂၆၅၀၀၀ကျပ်နှင့်၂၇၀၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး/လတ်) ၃၉၁၇ ကျပ်နှင့် ၃၉၅၀ ကျပ်၊ ပဲယင်း(သေး)၃၅၀၀ ကျပ်နှင့် ၃၇၅၀ ကျပ်၊ ပဲယင်း(နီ) ၄၄၁၇ ကျပ်နှင့် ၄၅၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး/လတ်)၂၆၃၃ကျပ် နှင့် ၂၆၆၇ ကျပ်၊ပဲယင်း(သေး)၂၄၆၇ကျပ်နှင့်၂၅၀၀ကျပ်၊ ပဲယင်း (နီ)၃၃၀၀ကျပ်နှင့်၃၄၁၇ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ပဲယင်းပေါက်စျေးမှာ ပိုမိုရရှိကြောင်းသိရပါတယ်။ စျေးကွက် အတွင်း ပဲယင်းဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။
DOCA(မန္တလေး)