
မန္တလေးစျေးကွက်အတွင်းပဲကြီးသီးနှံမှာ (အစို/အခြောက်)အရောင်းသွက်သည့် ပဲတစ်မျိုး ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်း ဒေသကြီးတို့မှ ဝင်ရောက်ကြောင်း သိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး (ကြီး) ၂၇၀၀၀၀ ကျပ် နှင့်၂၈၅၀၀၀ ကျပ်၊ ပဲကြီး(လတ်) ၂၄၀၀၀၀ကျပ် နှင့် ၂၆၀၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၁၀၀၀၀ကျပ်နှင့် ၂၂၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၈၈၇ကျပ် နှင့် ၅၁၅၈ကျပ်၊ ပဲကြီး (လတ်) ၄၃၄၄ ကျပ်နှင့် ၄၇၀၆ကျပ်၊ ပဲကြီး(သေး) ၃၈၀၁ကျပ်နှင့်၄၀၇၂ကျပ် ဖြစ်ပြီး၊ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး (ကြီး) ၄၇၉၆ကျပ်နှင့်၄၈၈၇ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၆၁၅ ကျပ်၊ပဲကြီး(သေး)၄၀၇၂ ကျပ်နှင့် ၄၃၄၄ ကျပ်တို့ စျေးဖြစ်ပေါ်ခဲ့ကြောင်းသိရ ပါ တယ်။ ယခုစျေးနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရ ပါ တယ်။ပဲကြီးသီးနှံဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်း လဲ မှုရှိကြောင်းသိရပါတယ်။ ပဲကြီးသီးနှံမှာ ပြည်တွင်း ၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက် အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရ ပါတယ်။
DOCA( မန္တလေး)