
ကုလားပဲသီးနှံမှာပြည်တွင်း စားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၆၃၀၀၀ကျပ်နှင့်၂၆၅၀၀၀ကျပ်၊ကုလားပဲ(V-7) ၂၇၀၀၀၀ ကျပ်၊ကုလားပဲ (ထိုင်ဝမ်) ၂၄၇၀၀၀ကျပ်၊ ကုလားပဲ(929)၂၅၆၀၀၀ ကျပ်နှင့် ၂၅၇၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၅၉၄ကျပ်နှင့် ၄၆၂၉ကျပ်၊ (V-7)၄၇၁၆ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၃၉၁ကျပ်၊ ကုလားပဲ(929) ၄၅၅၁ကျပ်နှင့် ၄၅၆၉ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2)၄၄၁၉ကျပ်နှင့် ၄၄၅၄ ကျပ်၊(V-7) ၄၆၂၉ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၁၄၂ကျပ်နှင့် ၄၁၇၈ ကျပ်၊ကုလားပဲ(929) ၄၂၈၄ ကျပ်နှင့် ၄၃၀၂ကျပ်စျေး တို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀ ကျပ်အထက် စျေး ပိုမိုရရှိကြောင်း သိရပါတယ်။ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်စျေးအနည်းငယ် ပြောင်းလဲမှုရှိပြီး၊စျေးကွက်အတွင်းကုလားပဲမှာအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)