
ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိ ကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ် ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)၃၁၅၀၀၀ ကျပ် နှင့် ၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၀၀၀ ကျပ်နှင့် ၂၉၅၀၀၀ ကျပ်၊ထောပတ်ပဲ(သေး)၂၉၅၀၀၀ကျပ်နှင့် ၂၉၈၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ထောပတ်ပဲ (ကြီး) ၅၆၀၀ ကျပ် နှင့် ၅၆၈၉ ကျပ်၊ထောပတ်ပဲ(လတ်) ၄၉၈၇ ကျပ်နှင့် ၅၂၄၄ ကျပ်၊ ထောပတ်ပဲ(သေး)၅၂၄၄ကျပ်နှင့်၅၂၉၈ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၇၇၃၃ကျပ်နှင့် ၇၈၂၂ကျပ်၊ထောပတ်ပဲ(လတ်) ၇၃၇၈ ကျပ် နှင့်၇၄၆၇ကျပ်၊ ထောပတ်ပဲ(သေး) ၇၁၁၁တို့ဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါတယ်။ ထောပတ်ပဲဝင်ရောက်မှု ပမာဏပေါ် မူတည်၍ ရက်အလိုက် ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။
DOCA(မန္တလေး)