မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။

   မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေး ကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေး ရန်အတွက် (၂၉-၅-၂၀၂၅) ရက်နေ့  နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စားသုံးသူ ရေးရာ ကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း(၉) ဦး တက်ရောက်ခဲ့ကြပါသည်။

     မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ က အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင် (၃/၂၀၂၅) စားသုံးသူရေးရာကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ မေလ (၁၅)ရက်နေ့ထိ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆးခြင်း ဆောင်ရွက်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင် ရွက်ပေးခဲ့မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် စားသုံးသူ တိုင်ကြားမှု၊ ဖြေရှင်းဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန် တိုင်ကြားမှုများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိသည့်အမှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တင်ပြ ဆွေးနွေးခြင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ပြီး အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများအား လုပ်ငန်းအစီ အမံများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဥက္ကဌ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၀:၄၀) နာရီအချိန် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)