
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေး သစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ် မေလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ လိုင်ချီးသီးနို့ဆီဗူးတစ်ဗူးလျှင် ၂,၅၀၀ ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA (တနင်္သာရီ)