“သခွားသီးများစျေးကောင်းရ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးလျက်ရှိ ရာ တောင်သူများသည် စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေတိုးအောင် သီးထပ် သီးညှပ်အဖြစ် စားဖိုဆောင်သီးနှံများသော  ငရုတ် ၊ ကြက်သွန်သီးနှံများအပြင် အမြှုပ်သခွား(ခ) သခွားရှည်သီးများကိုလည်း စိုက်ပျိုးလာကြပါသည်။ သခွားသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်သော ကြောင့်ဝင်ငွေတိုးကြောင်း၊သခွားပင်သည်စိုက်ပျိုးပြီး(၃)လအကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ (၁)ဧက သခွားသီးအလုံးပေါင်း(၅၀၀၀)လုံးခန့် သီးနိုင် ကြောင်း ၊ သခွားသီးစျေးနှုန်းအနေဖြင့် လက်ကားစျေး အလုံးကြီးတစ်လုံးလျှင် ယခင်(၂၅၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိပေါက်စျေးမှာ(၄၀၀/-)ကျပ်အထိစျေးရှိကြောင်း ၊ အလတ်တစ်လုံးလျှင် ယခင်(၂၀၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိ ပေါက်စျေးမှာ(၃၀၀/-)ကျပ်အထိ စျေးရှိကြောင်း ၊ အလုံးအသေး တစ်လုံးလျှင် ယခင်(၁၅၀/-)ကျပ်ရောင်းချခဲ့ရပြီး ယခုလက်ရှိပေါက်စျေးမှာ(၂၅၀/-) ကျပ်စျေးများဖြစ်ပြီး လက်လီစျေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၆၀၀/-) ၊ အလတ်တစ်လုံးလျှင် (၄၅၀/-)ကျပ်၊ အလုံးအသေးတစ်လုံးလျှင် (၃၀၀/-)ကျပ်စျေးများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ သခွားသီးခူးယူရာတွင် (၂-၃)ရက်ခြားလျှင် တစ်ခါခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် အလုံး ရေ အရော(၃၀၀- ၄၀၀)ခန့်အထိ ခူးယူရောင်းချရကြာင်း၊ (၂)ရက်ခြား အကြီး၊ အသေးအ‌ရော ဖောက်သည်စျေးမှာ(၁၀)လုံး လျှင်(၃၀၀/-)ကျပ်စျေးဖြင့်ရောင်းချပေးသောကြောင့် (၂-၃)ရက်ခြား ဝင်ငွေမှာ(၉၀၀၀၀/-)ကျပ်ခန့်ရှိ ကြောင်း၊သခွားသီးကိုလူကြိုက်များပြီး ဝယ်လိုအားရှိသောကြောင့် တောင်သူများကဝင်ငွေတိုးအောင် စိုက်ပျိုးကြပါသည်။ (၁)ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ယခင်နှစ်ထက် စျေးကောင်းရသောကြောင့် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းကြောင်း၊ သခွားသီး စျေးကွက်အနေဖြင့် ကုန်စိမ်းဒိုင် ၊ ကုန်စိမ်းသည်များမှ အခင်းထဲအရောက် လာ‌ရောက်ဝယ်ယူကြ ကြောင်း၊ သခွားသီးကို အိမ်ရှင်မများမှ အတို့အမြုပ် အဖြစ်စားသုံးကြသလို     သခွားသီးကိုပါးပါးလှီး၍  သော်လည်းကောင်း ၊  ဂျစ်ဖြင့် ခြစ်၍သော်လည်းကောင်း၊ အသုပ်သုပ်၍စားသုံးကြကြောင်း၊ သခွားသီး စားသုံးခြင်းဖြင့် ရေဓါတ်(၉၆%)ခန့်ရရှိ စေနိုင်ကြောင်း၊ ယခုလိုပူပြင်းတဲ့ရာသီဥတုမှာ သခွားသီးကို စားသုံးပေးသင့်ကြောင်း၊ သခွားသီး စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ် ဝင်ငွေတိုးကာ ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် တောင်သူဦးကြီး များ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)