
(၂၈-၅-၂၀၂၅) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၉) ရပ်ကွက် အတွင်း ရောင်းချနေသော ကောင်းထက်စံ (ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း)သို့ စစ်ဆေးရေးအရာရှိ ဦးဇင်မင်းမင်းကိုကိုနှင့် ဝန်ထမ်း(၃)ဦးတို့သည် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသော မုန့်များကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA( ကရင်)