
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ (၂၇.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အစားအသောက် ရောင်းချသည့် စားသောက်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင် များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ဆိုင် များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြစေရန်၊ စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားပမာဏ အလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်လိုအပ်ကြောင်း၊ သို့မှ သာ စားသုံးသူ၏အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး စားသောက်ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ပြီး အစားအသောက်ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)